Search This Blog

Saturday, April 4, 2015

ဘုရားဂုဏ်တော် (၉) ပါး

၁။ အရဟံ          
လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ် တို့နှင့် ပြည့်စုံတော်မူသောကြောင့် လောကဓာတ်အားလုံး၌ အမြင့်မြတ်ဆုံး ဖြစ်တော်မူပေသော မြတ်စွာဘုရား။

ဝါသနာနှင့်တကွ တစ်ထောင့်ငါးရာ ကိလေသာတို့မှ ကင်းဝေး စင်ကြယ်တော်မူပေသော မြတ်စွာဘုရား။

လာဘ၊ ဒေါသ၊ မောဟ အစရှိသော ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးသော မြတ်စွာဘုရား။

အ - ရဟံ
သံသရာစက်၏ အထောက်အကန့်တို့ကို ချိုးဖျက်တော်မူပြီးသော မြတ်စွာဘုရားရှင်။

အရ - ဟံ
မျက်မှောက်မျက်ကွယ် အချင်းခပ်သိမ်း စင်ကြယ်၍ ဆိတ်ကွယ်ရာ မရှိတော်မူပေသော မြတ်စွာဘုရားရှင်။

၂။ သမ္မာသမ္ဗုဒ္ဓော
သစ္စာလေးပါး ခပ်သိမ်းသော တရားတို့ကို သူတစ်ပါးအထံ နည်းမခံဘဲ ကိုယ်တော်တိုင် ဉာဏ်အဟုန်အစွမ်းဖြင့် စူးစမ်းရှာဖွေကာ မှန်ကန်စွာ သိတော်မူပေသော မြတ်စွာဘုရား။

၃။ ဝိဇ္ဇာစရဏသမ္ပန္နော
ဝိဇ္ဇာမည်သော ဉာဏ်ထူးသုံးပါး ဉာဏ်ထူးရှစ်ပါး၊ စရဏမည်သော အခြေခံအကျင့်တရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၎။ သုဂတော
သတ္တဝါတို့အား အကျိုးများကြောင်း ဟုတ်မှန်သော စကားကောင်းကိုသာ ပြောဆိုတော်မူတတ်ပေသော မြတ်စွာဘုရား။

မဂ္ဂင်ရှစ်ဖြာ တင့်တယ်သော အမူအရာဖြင့် နိဗ္ဗာန်သို့ ကောင်းစွာသွားခြင်း ကောင်းစွာဖြစ်ခြင်း ရှိတော်မူပေသော မြတ်စွာဘုရား။

၅။ လောကဝိဒူ
လောက၏ အကြောင်းအရာ အလုံးစုံကို အကုန်အစင် သိမြင်တော်မူပေသော မြတ်စွာဘုရား။

၆။ အနုတ္တရောပုရိသဓမ္မသာရတ္ထိ
ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့အား ညွှန်ကြားသွန်သင် ပဲ့ပြင်ဆုံးမမှု၌ အတုမရှိ အမြတ်ဆုံးဖြစ်တော်မူသော မြတ်စွာဘုရား။

၇။ သတ္တာဒေဝမနုဿာနံ
လူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့၏ ကိုးကွယ်ရာ ဆရာမြတ်အစစ် ဖြစ်တော်မူပေသော မြတ်စွာဘုရား။

၈။ ဗုဒ္ဓေါ
သစ္စာလေးပါးတရားကို ကိုယ်တိုင်လည်းသိပြီး သူတစ်ပါးတို့အားလည်း ဟောပြောပြသနိုင်သော မြတ်စွာဘုရား။

၉။ ဘဂဝါ
ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

      

No comments:

Post a Comment